🎹 Chordroom

Your Song Chords & Lyrics Database

33 - Big Bag Chords

Chords: Em, G, D, C

More chords by Big Bag

Genre: house, techno, electronic


[Verse]
Em G D G
မဆိုချင် ပေမဲ့လည်း အစအဆုံး တစ်ခေါက်ထပ်ဆိုဦးမယ်
Em G D G
ဒီနေရာမှာလည်နေတဲ့ ဒီသီချင်းဘယ်တော့မှ ပြီးမှာလဲ
C G D G
လက်လည်းညောင်းသွားပြီ ငါ့အာခေါင်တွေနာနေပြီ
C D G
ငါ့ကိုဘယ်သူမှ အရေးမလုပ်ကြတော့ဘူး

[Verse]
Em G D G
အပြင်မှာနေသာလို့ အိမ်ထဲထီးဆောင်းရဦးမယ်
Em G D G
အပြင်မှာ နေမသာလည်း ဝတ္တရား မပျက်ဖို့အရေးကြီးတယ်
C G D G
နေလည်းစောင်းသွားပြီ လူတွေကို ငါမုန်းတီး
C D G
ဘဝဟာ ဘာမှ မဟုတ်တဲ့ သစ်တော်သီး

[Music]
Em G D G
Em G D G
C G D G
C D G

[Verse]
Em G D G Em G
ဘာလာရှာပါသလဲ ဘာမှမရှိလို့ စိတ်မကောင်းပါ ပန်းကန်မှာ ကျန်နေတဲ့
D G C G
တစ်ဝက်ပဲရှိတဲ့ ထမင်းလုံးလား ငါလည်း ပုရွက်ဆိတ်ပါ
D G
တော်သလိုသာနေကြပါ
C D G
ငါ့ကိုလာမကိုက်ကြနဲ့ မရတော့ဘူး

[Verse]
Em G D G
ဂစ်တာမလိုပါဘူး ခြေထောက်တစ်ချောင်းတည်းနဲ့ ဆက်တီးမယ်
Em G D G
ဒါဒါဒီ ဒီဒီ What I mean is what I see
C G D G
နံပါတ်က 33 သေသေချာချာငါမမှတ်မိ
C D G
ငါ့လည်မှာ သူတို့ဆွဲပေးတဲ့ လော့ကတ်သီး

[Ending]
Em G D G
မဆိုချင် ပေမဲ့လည်း အစအဆုံး တစ်ခေါက်ထပ်ဆိုဦးမယ်
Em G D G
ဒီနေရာမှာလည်နေတဲ့ ဒီသီချင်းဘယ်တော့မှ ပြီးမှာလဲ
C G D G
လက်လည်းညောင်းသွားပြီ ငါဆိုတာ ဘယ်သူမှ မသိ
C D G
ဘဝဟာ ဘာမှမရှိတဲ့ ဥသျှစ်သီး
C D G

More Big Bag Songs

ChordRoom - Free Guitar & Piano Chords