🎹 Chordroom

Your Song Chords & Lyrics Database

ဒါဟာဘဝပါ - Big Bag Chords

Chords: Em, C, Eb, G, D, Am

More chords by Big Bag


[Intro]
Em C Em Eb Em C Em C Em C Em C

[Verse 1]
Em C G D
ရေဒီယိုကို ဖွင့်ထားပါ အသံတွေထဲမှာ တစ်ခုခုမင်းရနိုင်တယ်
Em C G D
အဆင်ပြေလာရင် ငိုလိုက်ပါ ကိစ္စပေါင်းစုံ တံခါးခေါက် ထပ်ရောက်လာမယ်
Em C G D
သေမင်းနဲ့မင်းဟာ ငယ်သူငယ်ချင်းပါ သူဟာမင်းကိုအကောင်းဆုံးစောင့်ရှောက်ပါရဲ့
Em C G D
ပြတင်းပေါက်ကနေ လေချွန်လိုက်ပါ အမှောင်ရိပ်ထဲမှာ တစ်ယောက်ယောက် စောင့်ကြည့်နေမယ်
Em C G D
ဒါဟာ ဘဝပါ မြေကြီးနဲ့ကောင်းကင်ကြားက ရသလောက်ပါပဲ
Em C G D
ဒါဟာ ဘဝပါ အဖုံးဖွင့်ထားရင် မင်းအကြောင်းမင်းတွေ့နိုင်မယ်
Em C G D
ဒါဟာ ဘဝပါ ကလေးလေးတစ်ယောက်လို ခြေထောက်ဆောင့် စိတ်ကောက်နိုင်တဲ့
Em C G D
ဒါဟာ ဘဝပါ အဘိုးကြီးတစ်ယောက်လို တုတ်ထောက်ရပ်စောင့်နိုင်ရဲ့

[Verse 2]
Em C G D
အစီခံတိုတွေ သွန်လိုက်ပါ ပြာခွက်ထဲမှာ အတွေးနဲ့ထပ်ဖြည့်နိုင်တဲ့
Em C G D
ရယ်သံအတိုတွေ ယူလိုက်ပါ လူတွေအကြောင်းကို အကောင်းနဲ့ထပ်ဖြည့်နိုင်တဲ့
Em C G D
အသည်းကွဲဖူးရင် မှတ်ထားပါ ရန်သူငါးပါးမှာ နောက်တစ်ယောက်ထပ်ဖြည့်နိုင်တဲ့
Em C G D
Mechanic တစ်ယောက်ခေါ်ပြင်လိုက်ပါ Congratualtion မင်းကိုမင်းတွေ့မယ်
Em C G D
ဒါဟာ ဘဝပါ မြေကြီးနဲ့ကောင်းကင်ကြားက ရသလောက်ပါပဲ
Em C G D
ဒါဟာ ဘဝပါ အဖုံးဖွင့်ထားရင် မင်းအကြောင်းမင်းတွေ့နိုင်မယ်
Em C G D
ဒါဟာ ဘဝပါ ထမင်းစားအသက်ရှင် စဉ်းစားမှားယွင်းနိုင်တဲ့
Em C G D
ဒါဟာ ဘဝပါ စိတ်ကလွဲရင် အားလုံးသန့်ပြန့်ပါရဲ့

[Solo]
Em C Em Am C Em C Em Am C G

[Verse 3]
Em C G D
မှန်တယ်ထင်ရင် ဆက်တွေးပါ ဇာတာကောင်းရင် သတင်းကောင်းကြားရနိုင်တဲ့
Em C G D
အကူအညီလိုရင် ယူလိုက်ပါ အပြင်ထွက်တွေးရင် အကောင်းပဲကြားရနိုင်ရဲ့
Em C G D
မစဉ်းစားတတ်ရင် ကျော်လိုက်ပါ ဒီသီချင်းကို မင်းလည်းနားငြီးနိုင်ရဲ့
Em C G D
စိတ်ထဲကအတိုင်း ဝန်ခံလိုက်ပါ ငါတို့ သွားမဲ့လမ်းမှာ တံတားတွေ ခင်းထားတယ်
Em C G D
ဒါဟာ ဘဝပါ မြေကြီးနဲ့ကောင်းကင်ကြားက ရသလောက်ပါပဲ
Em C G D
ဒါဟာ ဘဝပါ အဖုံးဖွင့်ထားရင် မင်းအကြောင်းမင်းတွေ့နိုင်မယ်
Em C G D
ဒါဟာ ဘဝပါ မင်းကလွဲရင် လူတိုင်းကရိပ်မိပါရဲ့
Em C G D Em
ဒါဟာ ဘဝပါ ရသလောက်နဲ့ နေရဲဖို့ကြိုးစားနိုင်ရဲ့...Fine

More Big Bag Songs

ChordRoom - Free Guitar & Piano Chords